Archive | Devotion

RSS feed for this section
david goliath

Do not be afraid of anything

ဘယ်အရာမှ မကြောက်နဲ့ —— ခုတလော ကျွန်မ အမေရိကားကို မလာခင်တုန်းက မြင်မက်ခဲ့တဲ့ အိမ်မက်တွေ အတွေးထဲကို တိုးဝင်လာကြတယ်။ အမေရိကားမှာနေတာ ၁၃ နှစ်ရှိသွားပါပြီ။ ဒီကိုမလာခင် လွန်ခဲ့တဲ့ ၁၄ နှစ်တုန်းက အိမ်မက်ထဲမှာ “အမေရိကားကိုသွားရမယ်၊ ဘာမှမကြောက်ပါနဲ့” ဆိုတဲ့ တန်ခိုးသြဇာကြီးတဲ့အသံက အိမ်မက်ကတဆင့် ကျမကို ပြောကြားလာပါတယ်။ ဘာမှမကြောက်နဲ့လို့ ဘုရားသခင်ပြောရတဲ့ အကြောင်းအရင်းက ကြောက်စရာကောင်းတဲ့အရာတွေနဲ့ ရင်ဆိုင်ရမှာမို့လို့ဖြစ်ပါတယ်။ လူဖြစ်တဲ့အတိုင်းပဲ၊ ကိုယ့်ထက် အစစအရာရာမှာ ခွန်အားကြီးတဲ့သူ၊ ရာထူးကြီးတဲ့သူ၊ အာဏာရှိတဲ့သူက မိမိအပေါ် ခြိမ်းခြောက်မှုတခုခုလုပ်လာခဲ့ရင်၊ မိမိအကျွမ်းမ၀င်တဲ နေရာဒေသမှာ စတင်ခြေချလာတဲ့အခါမှာဖြစ်စေ၊ ကြောက်တတ်ကြတဲ့သဘောရှိကြပါတယ်။ သမ္မာကျမ်းစာထဲမှာ “မကြောက်နဲ့” ဆိုတဲ့စကားဟာ ၃၆၅ ကြိမ်ရှိပါတယ်။ သဘောပေါက်ကြလားမသိဘူး။ တစ်နှစ်မှာ ရက်ပေါင်း ၃၆၅ ရက်ရှိပါတယ်၊ ဘုရားသခင်က ၃၆၅ ကြိမ်တောင် […]